
ခြံနံပါတ် ၅၄ - သမိုင်းကို လေလံပစ်ခြင်း
သာယာလှပတဲ့ အင်းလျားကန်ရှုခင်း နဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပါတ် ၅၄ ဟာ သူ့ရဲ့ မြောက်များလှတဲ့ သမိုင်းတန်ဖိုးတွေကို ဖယ်ကြည့်မယ် ဆိုရင်တောင် ရန်ကုန်မြို့မှာ ရှိတဲ့ အကောင်းဆုံးမြေကွက်စာရင်းဝင်ပါတယ်။ ကမ္ဘာက သိတဲ့ ဒီလိပ်စာကို ပုံမှန်အခြေအနေမှာဆို မြန်မာပြည်က ဘီလျံနာတွေက ဝယ်ဖို့စိတ်ဝင်စားကြမှာဖြစ်ပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ လေလံဝင်ဆွဲဖို့ လက်တွန့်နေကြလိမ့်မယ်လို့ စီးပွားရေးအသိုင်းအဝိုင်းမှာ သုံးသပ်နေကြပါတယ်။
၂၆ ဇန်နဝါရီ ၂၀၂၄ncG1vNJzZmivp6x7o67CZ5qopV%2BXwrO5xKyc